ENATIC Automotive

ကားဆေးမှုတ်ခြင်းဝန်ဆောင်မှု

ဂျပန်နည်းပညာဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေးနေသော ကားဆေးမှုတ်ခြင်းလုပ်ငန်း

ENATIC မှ ကားဆေးမှုတ်ခြင်းလုပ်ငန်းလုပ်ဆောင်ပုံအဆင့်ဆင့်မှာအောက်ပါအတိုင်းဖြစ်ပါသည်။

ပထမဦးစွာ သံချေးတက်နေသောကားကိုယ်ထည်အစိတ်အပိုင်းများရှိမရှိစစ်ဆေး၍ သံချေးတက်နေပါကသေချာစွာကော်ပတ်တိုက်ပါသည်။

ထို့နောက်ကားကိုယ်ထည်မျက်နှာပြင်ချောမွေ့မှုရှိစေရန်လိုအပ်သောနေရာများတွင်ပတ်တီးဖြည့်ပါသည်။ ပတ်တီးခြောက်ပါက သံချေးတက်ခြင်းမှကာကွယ်ရန်အောက်ခံဆေး(Primer) မှုတ်၍ ဆေးခြောက်ပါက လိုချင်သောအရောင်ရရှိရန်အဆင့်ဆင့်ဆေးမှုတ်ပါသည်။

အောက်ခံဆေး(Primer) မှစ၍အဆင့်ဆင့်ဆေးမှုတ်ခြင်းများကို ဆေးသားကိုထိခိုက်စေနိုင်သောရေငွေ့များနှင့် ဖုန်မှုန့်များကင်းစင်စေရန် ဆေးမှုတ်ခန်း(ပေါင်းခန်း)ထဲတွင် ဆေးမှုတ်သောပညာရှင်မှ ဝတ်စုံအပြည့်အစုံဝတ်၍ သေချာစွာလုပ်ဆောင်ပေးပါသည်။

ဆေးတစ်ထပ်မှုတ်ပြီးတိုင်း အနီအောက်ရောင်ခြည်သုံး ဆေးအခြောက်ခံစက်များအသုံးပြုသောကြောင့် ဆေးသားပိုမိုလှပ၍အသားကျစေပါသည်။

ဆေးမှုတ်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးပါက ပေါလစ်တိုက်ဆေးအမျိုးမျိုးကို အဆင့်ဆင့်အသုံးပြု၍ စက်ပေါလစ်တိုက်ခြင်းဖြင့် လှပ၍တောက်ပသောကားတစ်စီးအဖြစ်မြင်တွေ့နိုင်မည်ဖြစ်ပါသည်။

ကားဆေးမှုတ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများအတွက် ၁နှစ်အာမခံဖြင့်ဆောင်ရွက်ပေးပါသည်။

ENATIC Automotive

ကားဆေးမှုတ်ခြင်းဝန်ဆောင်မှု

ရည်မှန်းချက်

ယုံကြည်စိတ်ချရပြီး Customer များ စိတ်ကျေနပ်မှုရှိစေရန် ဝန်ဆောင်မှုပေးနိုင်သော အားထားရသောကားဝပ်ရှော့ဖြစ်စေရန်။

မျှော်မှန်းချက်

မြန်မာနိုင်ငံတွင် ဆွဲဆောင်မှုအရှိဆုံးနှင့် အားထားရဆုံး ကားဝပ်ရှော့ တစ်ခုဖြစ်လာစေရန်။

ENATIC AUTOMOTIVE SERVICE

မော်တော်ယာဥ်အထွေထွေပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုများ၊ ကားကိုယ်ထည်ပြုပြင်ခြင်းနှင့် ဆေးမှုတ်ခြင်းဝန်ဆောင်မှုများအတွက် နောက်ဆုံးပေါ်နည်းပညာများ၊ သင့်တော်သော နှုန်းထားများဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေးနေပါပြီ