EHIME NISSAN GROUP

ENATIC Automotive ကုမ္ပဏီလီမိတက်

ENATIC Automotive ကုမ္ပဏီလီမိတက်ကို ၂၀၁၉ ခုနှစ်တွင် EHIME NISSAN Group မှ
မြန်မာနိုင်ငံတွင်တည်ထောင်ခဲ့ပါသည်။ တိုးတက်နေသည့်မြန်မာ့မော်တော်ကားလုပ်ငန်း နယ်
ပယ်တွင်လိုအပ်လျက်ရှိသော မော်တော်ကားပြုပြင်ထိန်းသိမ်းခြင်းနည်းပညာ ဖွံ့ဖြိုးတိုးတက်
စေရန်ရည်ရွယ်၍ EHIME NISSAN Group မှ ENATIC Automotive ကုမ္ပဏီလီမိတက်ကို
တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။
ကားဝပ်ရှော့
ENATIC မှမော်တော်ကားအထွေထွေပြုပြင်ထိန်းသိမ်းခြင်း၊ ကားဘော်ဒီပြုပြင်ခြင်းနှင့် ကားဆေးမှုတ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများကို သင့်လျော်သောနှုန်းထား ဖြင့်ဆောင်ရွက်လျက်ရှိပါသည်။
မော်တော်ယာဉ်နည်းပညာသင်တန်းကျောင်း
ENATIC မှလုပ်ငန်းကျွမ်းကျင်ပြီး အရည်အချင်း ပြည့်ဝသည့် မော်တော်ကားအင်ဂျင်နီယာများကို ပြုစုပျိုးထောင်ပေးလျက်ရှိပါသည်။ ထို့ပြင် ENATIC မှအောင်လက်မှတ်ရထားပြီးသောကျောင်းသားများကို ဂျပန်နိုင်ငံတွင် ဆက်လက် ပညာသင်ယူနိုင်ရန် နှင့် အလုပ်အကိုင်ရရှိနိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးပါသည်။
ENATIC Automotive

EHIME NISSAN Group
မှတည်ထောင်ထားပါသည်

2019
စတင်သည့်နှစ်
4
လေ့ကျင့်ရေးနည်းပြ
16
ရုံးဝန်ထမ်း
22
ကားဝပ်ရှော့နည်းပညာရှင်

ဥက္ကဋ္ဌ အမှာစကား

ယုံကြည်စိတ်ချရပြီး ဖောက်သည်များ စိတ်ကျေနပ်မှု အရှိဆုံးဖြစ်ရန် နှင့် အားထားရဆုံးမော်တော်ကား ဝန်ဆောင်မှု အလုပ်ရုံဖြစ်စေရန်

Enatic Automotive

မြန်မာနိုင်ငံတွင် ဆွဲဆောင်မှုအရှိဆုံး အလုပ်ရုံဖန်တီးရန်

ရည်မှန်းချက်

ယုံကြည်စိတ်ချရပြီး Customer များစိတ်ကျေနပ်မှုရှိစေရန် ဝန်ဆောင်မှုပေးနိုင်သော အားထားရသောကားဝပ်ရှော့ဖြစ်စေရန်။

မျှော်မှန်းချက်

မြန်မာနိုင်ငံတွင် ဆွဲဆောင်မှုအရှိဆုံး နှင့် အားထားရဆုံး ကားဝပ်ရှော့တစ်ခုဖြစ်လာစေရန်။

ရည်မှန်းချက်(မော်တော်ကားနည်းပညာသင်တန်းကျောင်း)

မြန်မာ့လူငယ်များအား မော်တော်ကားနည်းပညာ၊ အတတ်ပညာနှင့် အသိပညာများပံ့ပိုးသင်ကြားပေးခြင်းဖြင့် ဂျပန်နိုင်ငံတွင်သာမက ကမ္ဘာ့အသိအမှတ်ပြု ကျွမ်းကျင်သောမော်တော်ကားအင်ဂျင်နီယာတစ်ဦးဖြစ်လာစေရန်ရည်ရွယ်ပါသည်။

ပညာရေးမူဝါဒ

၁။ ပရော်ဖက်ရှင်နယ် အင်ဂျင်နီယာတစ်ဦးအနေဖြင့် ကားပြုပြင်ထိန်းသိမ်းခြင်းနည်းပညာ၊ အသိပညာနှင့် လက်တွေ့လေ့လာမှုများလေ့ကျင့်သင်ကြားပါ။
၂။ အမြဲယုံကြည်အားထားရသော ပရော်ဖက်ရှင်နယ်အင်ဂျင်နီယာတစ်ဦးဖြစ်လာစေရန် ရည်မှန်းချက်ထားပါ။
၃။ ပရော်ဖက်ရှင်နယ်အင်ဂျင်နီယာတစ်ဦးအနေဖြင့် တိုးတက်အောင် အစဉ်အမြဲသင်ယူပါ၊ လေ့လာပါ၊ လေ့ကျင့်ပါ။

ENATIC AUTOMOTIVE SERVICE

မော်တော်ယာဥ်အထွေထွေပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုများ၊ ကားကိုယ်ထည်ပြုပြင်ခြင်းနှင့် ဆေးမှုတ်ခြင်းဝန်ဆောင်မှုများအတွက် နောက်ဆုံးပေါ်နည်းပညာများ၊ သင့်တော်သော နှုန်းထားများဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေးနေပါပြီ