ENATIC Automotive

ENATIC တွင်ပညာသင်ကြားပုံနည်းစနစ်

ဂျပန်နိုင်ငံတွင်ကျင့်သုံးနေသောသင်ရိုးညွှန်းတမ်းနှင့် သင်ကြားမှုပုံစံများအတိုင်းလေ့ကျင့်သင်ကြား
ခွင့်ရရှိမည်ဖြစ်ပါသည်။

ENATIC တွင်သင်တန်းတက်ရောက်နေသောကျောင်းသားများအနေဖြင့် အရည်အချင်းပြည့်ဝပြီး ထူးချွန်သော မော်တော်ကားအင်ဂျင်နီယာများဖြစ်လာစေရန် ဂျပန်နိုင်ငံတွင်ကျင့်သုံးသော သင်ရိုးညွှန်းတမ်းများအတိုင်း သင်ထောက်ကူပစ္စည်းများ၊ လေ့ကျင့်ရေးစက်ကိရိယာများ၊ နည်းပညာများဖြင့် လေ့ကျင့်သင်ကြားခွင့်ရရှိနိုင်ပါသည်။

ENATIC Automotive

သင်တန်းနှင့် ကျောင်းသားဘဝ

ENATIC Automotive

လေ့ကျင့်ခြင်း

ရည်မှန်းချက်(မော်တော်ကားနည်းပညာသင်တန်းကျောင်း)

မြန်မာ့လူငယ်များအား မော်တော်ကားနည်းပညာ၊ အတတ်ပညာနှင့် အသိပညာများ ပံ့ပိုးသင်ကြားပေးခြင်းဖြင့် ဂျပန်နိုင်ငံတွင်သာမက ကမ္ဘာ့အသိအမှတ်ပြု ကျွမ်းကျင်သော မော်တော်ကားအင်ဂျင်နီယာတစ်ဦး ဖြစ်လာစေရန်ရည်ရွယ်ပါသည်။

ပညာရေးမူဝါဒ

၁။ ပရော်ဖက်ရှင်နယ်အင်ဂျင်နီယာတစ်ဦးအနေဖြင့် ကားပြုပြင်ထိန်းသိမ်းခြင်း နည်းပညာ၊ အသိပညာနှင့် လက်တွေ့လေ့လာမှုများ လေ့ကျင့်သင်ကြားပါ။

၂။ အမြဲယုံကြည်အားထားရသော ပရော်ဖက်ရှင်နယ် အင်ဂျင်နီယာတစ်ဦးဖြစ်လာစေရန် ရည်မှန်းချက်ထားပါ။

၃။ ပရော်ဖက်ရှင်နယ်အင်ဂျင်နီယာတစ်ဦးအနေဖြင့် တိုးတက်အောင် အစဉ်အမြဲသင်ယူပါ၊ လေ့လာပါ၊ လေ့ကျင့်ပါ။

ENATIC တွင်ပညာသင်ကြားနေမှု

ကျွန်ုပ်တို့၏ ကျောင်းသားများအား မော်တော်ယာဥ်အင်ဂျင်နီယာနှင့် ဂျပန်ဘာသာစကားနှင့် ယဉ်ကျေးမှု နှစ်ခုစလုံးကို အလုပ်အကိုင် လစ်လပ်မှုများအတွက်သာမက ဂျပန်နိုင်ငံတွင် နေထိုင်ရန်အတွက်လည်း လေ့ကျင့်သင်ကြားပေးပါသည်။

ENATIC AUTOMOTIVE SERVICE

မော်တော်ယာဥ်အထွေထွေပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုများ၊ ကားကိုယ်ထည်ပြုပြင်ခြင်းနှင့် ဆေးမှုတ်ခြင်းဝန်ဆောင်မှုများအတွက် နောက်ဆုံးပေါ်နည်းပညာများ၊ သင့်တော်သော နှုန်းထားများဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေးနေပါပြီ